Overview
ခုနှစ်ယောက်စီး SUV အမျိုးအစားဖြစ်တဲ့ Toyota Rush 2020 ဟာ အင်ဂျင်ပါဝါ 1500CC ရှိပြီး RWD ပဲ ဖြစ်ပါတယ်။ 4 Speed Auto ဖြစ်ပြီး Safety ကောင်းမွန်တဲ့ ကားတစ်စီးဖြစ်သလို သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅,၀၆၀ကျသင့်မှာပဲ ဖြစ်ပါတယ်။
သူကတော့ ခုနှစ်ယောက်စီး Minivan(MPV) အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါကတော့ 2000CC ရှိပါတယ်။ 6 Speed Auto ဖြစ်ကာ အတွင်းခန်းကျယ်ဝန်းတဲ့ ကားတစ်စီးပါ။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၁,၅၀၀ ကျသင့်မှာပဲ ဖြစ်ပါတယ်။
လူဆယ်ယောက်အထိ စီးနင်းနိုင်တဲ့ Toyota Majesty 2020 ဟာ Minivan(MPV) အမျိုးအစား ကားတစ်စီးပါ။ သူ့ရဲ့ အင်ဂျင်ပါဝါကတော့ 2755CC ရှိပြီး 6 Speed Auto ပဲ ဖြစ်ပါတယ်။ ယာဉ်မောင်းခုံတန်းအပါအဝင် ခုံတန်း လေးတန်းအထိပါဝင်ပြီး သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၅၈,၃၀၀ ကျသင့်မှာပါ။
ဈေးကတော့ ရောက်တဲ့အချိန်ပေါ်မူတည်ပြီး အပြောင်းအလဲ အနည်းငယ်တော့ ရှိပါတယ်။